Posts

Showing posts with the label Unicode Tools

Zawgyi Unicode Converter ရဲ့ Android App ကို ထပ်မံ မိတ်ဆက်

Image
Zawgyi Unicode Converter Android app is rolling out! ဇော်ဂျီ ယူနီကုဒ် အပြောင်းအလဲမှာ အခက်အခဲရှိနေသူများအတွက် ဒဂုန်မက်ထရစ်ကနေ Zawgyi Unicode Converter android app ကို မျှဝေပေးလိုက်ပါတယ်။ ဇော်ဂျီကနေ ယူနီကုဒ် (သို့) ယူနီကုဒ်ကနေ ဇော်ဂျီကို အက်ပလီကေးရှင်းကို အသုံးပြုပြီး အလွယ်တကူပြောင်းလဲနိုင်ပါတယ်။ အက်ပလီကေးရှင်းရဲ့ ထူးခြားချက်အနေနဲ့ မည်သည့် Android အက်ပလီကေးရှင်း ကနေမဆို Share menu မှတဆင့် ဇော်ဂျီ ယူနီကုဒ် အလွယ်တကူ ပြောင်းလဲနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

ယူနီကုဒ် Code Point များမှ သက်ဆိုင်ရာ အက္ခရာများသို့ အပြန်အလှန် ပြောင်းလဲကြည့်ရှုနိုင်သော Unicode Converter

Image
Unicode Code Point Lookup ယူနီကုဒ် စာသားများနှင့် တွက်ချက်အလုပ်လုပ်ရတဲ့ ဆော့ဖ်ဝဲပရိုဂရမ်တွေရေးတဲ့အခါ များသောအားဖြင့် hexadecimal code point တွေနဲ့ရေးလေ့ရှိပါတယ်။ ဥပမာ \u1000\u1001 စသည်ဖြင့်ပေါ့။ တစ်ခါတစ်လေမှာ အဲဒီ number တွေကို သက်ဆိုင်ရာ ယူနီကုဒ် စာလုံးတွေအနေနဲ့ပြန်ပြီး trace လုပ်ကြည့်ချင်တာမျိုး ရှိလာနိုင်ပါတယ်။ အဲဒီအတွက် online မှာ converter တွေအများကြီးရှိပါတယ်။ အခု ပြောပြမည့် converter ရဲ့ အဓိက ထူခြားချက်ကတော့ မိမိပြောင်းလိုက်တဲ့ code point ဟာ Zawgyi လား Myanmar Unicode လားဆိုတာကိုပါ auto detect လုပ်နိုင်ပြီး font display ကို မှန်အောင်ပြနိုင်တာပါ။ ပြီးတော့ Material user interface design နဲ့ ပြုလုပ်ထားတဲ့အတွက် ကြည့်ရတာ စမတ်ကျပြီး ရိုးရှင်းပါတယ်။ Progressive Web Application (PWA) ဖြစ်တဲ့အတွက် အင်တာနက်နှင့်ချိတ်ဆက်မထားတဲ့ အချိန်မှာပါ offline သုံးနိုင်ပါတယ်။ ကျန်တဲ့ feature တွေကတော့ Responsive and progressive web design Can be used offline (Progressive Web Application! - PWA) O...