Posts

Showing posts with the label Myanmar Unicode History

မြန်မာယူနီကုဒ် သမိုင်း၊ ဇော်ဂျီ ယူနီကုဒ် အခက်အခဲများနှင့် လွယ်ကူစွာဖြေရှင်းနိုင်မည့် နည်းလမ်းတချို့

Image
မြန်မာယူနီကုဒ် သမိုင်း တော်တော်များများ မေးတဲ့မေးခွန်းတစ်ခုရှိပါတယ်။ ဇော်ဂျီ ယူနီကုဒ်လို ပြဿနာမျိုးတွေက မြန်မာနိုင်ငံမှာပဲ ဖြစ်တာလား၊ ဘာလို့ဖြစ်တာလဲ၊ ဘာကြောင့်အတင်း ယူနီကုဒ်လိုက်ပြောင်းခိုင်းနေတာလဲ ... စတဲ့ မေးခွန်းတွေကို အတိုဆုံး ရှင်းပြချင်ပါတယ်။ ပြဿနာရဲ့အကြောင်းအရင်းကို နည်းနည်းနားလည်အောင် ပြောရမယ်ဆိုရင် ဖုန်းတွေ၊ကွန်ပျူတာတွေမှာ မြန်မာစာအပါအဝင် အက္ခရာ၊ စာသားတွေကို ဘယ်လို အလုပ်လုပ်ပြီး ဖော်ပြပေးသလဲဆိုတာကစရပါမယ်။ ဖုန်းတွေ၊ကွန်ပျူတာတွေမှာ စာလုံးတွေကို ဂဏန်းနံပါတ်တွေအနေနဲ့ ပြောင်းပြီး နောက်ကွယ်မှာ အလုပ်လုပ်ပါတယ်။ ဥပမာ အင်္ဂလိပ် အက္ခရာ ‘A’ ကို 65, ‘B’ ကို 66, ‘C’ ကို 67 စသည်ဖြင့် နောက်ကွယ်မှာပြောင်းပြီးအလုပ်လုပ်ပါတယ်။ မြန်မာစာ ‘က’ ကို 4096, ‘ခ’ ကို 4097, ‘အ’ ကို 4129 စသည်ဖြင့်ပြောင်းပြီး အလုပ်လုပ်ပါတယ်။ အခြားဘာသာစကားတွေအတွက်လည်း သက်မှတ်ချက် တွေရှိပါတယ်။ ကိုရီးယား ဘာသာစကားမှာဆိုရင် ‘ᄀ’ ကို 4352, ‘ᄁ’ ကို 4353 လို့ စသည်ဖြင့်သတ်မှတ်ပေးထားပါတယ်။ ဘာသာစကားတစ်ခုနှင့်တစ်ခု ဂဏန်းနံပါတ်တွေ မထပ်အောင် Unicode Consortium ဆိုတဲ့ အဖွဲ့အစည်းကနေ စံသတ်မှတ်မှုတွေပြုလုပ်ပေးပါတယ်။ မြန်မာယူနီကုဒ် သမိုင...